■ ချယ်လ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆင်ကို အက်စတွန်ဗီလာ ခေါ်ယူ
အက်စတွန်ဗီလာအသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆင်ကို ခေါ်ယူပြီး တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
ဂျက်ဆင်(၂၅ နှစ်)ဟာ ဗီလာအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားပါတယ်။
ဗီလာအနေနဲ့ ဂျက်ဆင်အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင် ၆၅ သန်းလောက် ကုန်ကျဖွယ်ရှိနေပါတယ်။
ကနဦးပြောင်းရွှေ့ကြေးတင် ပေါင် ၄၇.၅ သန်း ပေးရနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းထံ အငှားထွက်ကစားခဲ့ပြီး ဗီလာအသင်းမှာ ဝက်ကင်စ်နေရာ အစားထိုးမှာဖြစ်တယ်။
၎င်းအနေနဲ့ ဗီလာရီးယဲလ်အသင်းတုန်းက လက်တွဲခဲ့ဖူးတဲ့ အူနိုင်းအမ်မရီနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
ဆီနီဂေါတိုက်စစ်မှူး ဂျက်ဆင်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၈၁ ပွဲကစားကာ ဂိုး ၃၀ သွင်းယူခဲ့ပါတယ်။
Photos: Aston Villa