★ မြန်မာဖိုက်တာ တောက်ရှား ကစ်ဘောင်ဆင်ပွဲမှာ ရုရှားနွယ်ဖွား ကမ္ဘောဒီးယားဖိုက်တာနဲ့ သရေကျ

မြန်မာ့ရိုးရာလက်ဝှေ့သမား တောက်ရှားဟာ
ကစ်ဘောင်ဆင်ပွဲမှာ ရုရှားနွယ်ဖွား ကမ္ဘောဒီးယား
ဖိုက်တာနဲ့ ထိုးသတ်ခဲ့ရာ သရေကျခဲ့ကြောင်း
သိရပါတယ်။

မြန်မာဖိုက်တာ တောက်ရှားဟာ ပြီးခဲ့တဲ့သြဂုတ် (၂၈) ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကစ်ဘောင်ဆင်ပြိုင်ပွဲမှာ ရုရှားနွယ်ဖွား ကမ္ဘောဒီးယားဖိုက်တာ ကော့စ်ရာရုဒန်ကိုနဲ့ (၆၈) ကီလိုတန်းမှာ ယှဥ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

တောက်ရှားနဲ့ ရုရှားနွယ်ဖွား ကမ္ဘောဒီးယားဖိုက်တာတို့ဟာ ကစ်ဘောင်ဆင် (၃) မိနစ်၊ (၃) ချီ ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အရှုံးအနိုင်မပေါ်ပဲ လက်ရည်တူညီခဲ့တာကြောင့် သရေအဖြစ်သာ ဒိုင်များက ဆုံးဖြတ်ပေးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

တောက်ရှားဟာ ယခုနောက်ပိုင်းမှာ ကမ္ဘောဒီးယားခွန်ခမာပွဲများကို သွားရောက်ထိုးသတ်နေလျက်ရှိကြောင်း သိရပါတယ်။

တောက်ရှားဟာ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ အကျော်အမော်တွေဖြစ်တဲ့ ယှူခလိန်းမင်း၊ အဲမွီ၊ မင်းထက်အောင်၊ ရန်နိုင်ထွန်း၊ စောထူးအောင် အစရှိသူတို့နဲ့ ထိုးသတ်ခဲ့ဖူးကြောင်း သိရပါတယ်။

Photo - TS

image