■ ဆီဗီလာနဲ့ပွဲမှာ အယ်လ်ဗာရက်ဇ် ပါဝင်ကစားမှာမဟုတ်ဘူးလို့ ဆီမြွန်နီ အတည်ပြု

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ယနေ့ကစားမယ့် ဆီဗီလာနဲ့ပွဲမှာ အယ်လ်ဗာရက်ဇ် ပါဝင်ကစားမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

၎င်းက အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုအသင်းရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေမယ်လို့ မျှော်လင့်ထားကြောင်း ဝန်ခံခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ သောကြာနေ့အထိ အက်သလက်တီကိုအသင်းဖော်တွေနဲ့ သုံးရက်ဆက်တိုက် လေ့ကျင့်ခန်းမဆင်းခဲ့ပါဘူး။

ဒါကြောင့် စက်တင်ဘာလ ၁ ရက် အပြောင်းအရွှေ့မပိတ်ခင် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေ ပိုမြင့်တက်လာစေခဲ့ပါတယ်။

''ကျွန်တော့်ရပ်တည်ချက်က မပြောင်းလဲပါဘူး။ အားကစားရှုထောင့်အရ သူဟာ ကျွန်တော်တို့ရဲ့အရေးပါတဲ့သူအဖြစ် ဆက်လက်ရှိနေဖို့ အကောင်းဆုံးနည်းလမ်းနဲ့ ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်။ မနက်ဖြန်မှာတော့ ယူလီယန်(အယ်လ်ဗာ
ရက်ဇ်)ပါဝင်မှာ မဟုတ်ပါဘူး။ ယူလီယန် ကျွန်တော်တို့အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းတာနဲ့ ဒီအသင်းအတွက် အရေးပါတဲ့သူလို့ ခံစားမိအောင် အရာအားလုံး ကျွန်တော် လုပ်ဆောင်ပါလိမ့်မယ်''လို့ ဆီမြွန်နီက ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့သတင်းထွက်နေတဲ့ အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုအသင်းအတွက် ၄၉ ပွဲကစား ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။

image