ရန်ကုန်စီးတီးအသင်း ပေါ် တူဂီ ယူ-၂၀ လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဂယ်ဆင်ကိုစတာကို ခေါ်ယူ
၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲဝင်မယ့် ရန်ကုန်စီးတီးအသင်းဟာ (၅) ဦးမြောက် ပြည်ပကစားသမားအဖြစ် ပေါ် တူဂီ ယူ-၂၀ လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဂယ်ဆင်ကိုစတာကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
အသက် (၂၉) နှစ်ရှိ ပေါ် တူဂီ ယူ-၂၀ လက်ရွေးစင်ဟောင်း ဂယ်ဆင်ကိုစတာဟာ ကွင်းလယ်ခံစစ်နေရာမှာ အဓိကကစားသူ ဖြစ်ကြောင်း သိရပါတယ်။ အရပ်(၆)ပေရှိတဲ့ ကိုစတာဟာ ပေါ်တူဂီ ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၀ အသင်းတွေမှာ တောက်လျှောက်ကစားခဲ့သူဖြစ်ပြီး ပေါ်တူဂီလူငယ်လက်ရွေးစင်အသင်းများအတွက် (၂၁) ပွဲကစား၊ (၂) ဂိုးသွင်းယူပေးခဲ့ကြောင်း သိရပါတယ်။ ကိုစတာဟာ ၂၀၀၉ ခုနှစ်မှစပြီး ပေါ်တူဂီကလပ်အသင်းများဖြစ်တဲ့ စပို့တင်းလူငယ်အသင်း၊ ဘင်ဖီကာလူငယ်အသင်းအပါအဝင် အခြားသော ပေါ်တူဂီလူငယ်အသင်းများမှာ ကစားခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။ ကိုစတာဟာ ပေါ်တူဂီလူငယ်ကလပ်အသင်းများနဲ့အတူ ဥရောပလူငယ်ချန်ပီယံလိဂ် (UEFA Youth League) ပြိုင်ပွဲ (၂) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး (၃) ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ကိုစတာဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ ( အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဘိုအာဗစ္စတာအသင်းနဲ့အတူ ပေါ်တူဂီရဲ့ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလီဂါပြိုင်ပွဲမှာ ကစားခဲ့ပါတယ်။ ကိုစတာဟာ ရန်ကုန်စီးတီးအသင်းထံသို့ ရောက်မလာခင် နောက်ဆုံးအဖြစ် ပြီးခဲ့တဲ့ရာသီက မော်လ်တာကလပ် မိုစတာအသင်းနဲ့အတူ မော်လ်တာလိဂ်-၁ ပြိုင်ပွဲတွင် ကစားခဲ့ကြောင်း သိရပါတယ်။