1 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ်ကို စပါးအငှားနဲ့ခေါ်ယူ

လန်ဒန်မြို့ခံကလပ် စပါးအသင်းဟာ မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ်ကို အငှားနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
စပါးအသင်းအနေနဲ့ မာမွတ်ကိုအငှားနဲ့ခေါ်ယူခဲ့ပေမဲ့ ရာသီကုန်မှာ ပေါင်သန်း(၆၀)ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
အသက် (၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာမွတ်ဟာ စပါးအသင်းမှာ ကျောနံပါတ် (၂၂)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး စပါးအသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
အခုအပြောင်းအရွှေ့ကာလမှာ မာမွတ်အနေနဲ့ စပါးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒုတိယမြောက် မန်စီးတီးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
နည်းပြ ဒီဇယ်ဘီရဲ့ စပါးအသင်းဟာ ဒီရာသီမှာ ကစားသမား (၈)ဦးအထိအားဖြည့်ထားပြီး အပြောင်းအရွှေ့အသုံးစရိတ်စုစုပေါင်း ယူရို သန်း(၂၅၀)ဝန်းကျင်အသုံးပြုထားတာပါ။

image