9 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်
နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်

ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်​ရေးအခြေအ​နေများ ​ဆွေး​နွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc သည် ဇူလိုင် ၂၂ ရက် ၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့​ကြောင်း သိရသည်၊

အဆိုပါ သံအမတ်ခန့်အပ်လွှာ​ပေးအပ်ပွဲတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော် သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမသို့ ရောက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အလံတို့အား အလေးပြုပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်ခဲ့​ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Ngu Anh Duc က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့​ကြောင်း သိရသည်။