နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ
ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာဆုံးဖြတ် ပိုင်ခွင့်များကိုလေးစားတန်ဖိုးထားဟု ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးပြော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung က ယနေ့ သြဂုတ် ၂၆ ရက်မွန်းလွဲပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ ဆုံပြီး ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ် အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာဆုံး ဖြတ်ပိုင်ခွင့်များကိုလေးစားတန်ဖိုးထားသည်ဟု ဆွေး နွေးပြောကြားခဲ့သည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အ ထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ တိုလမ်က နိုင်ငံ တော်သမ္မတကြီးအား ဗီယက်နမ်နိုင်ငံသို့တရားဝင် ချစ် ကြည်ရေးခရီးစဉ်လာရောက်ရန်ဖိတ်ကြားမှုနှင့် နိုင်ငံ တော်သမ္မတကြီးလာရောက်မည့်ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာဖြင့်ကြိုဆိုလျက်ရှိမှုကို သတင်းစကားပါးရန် စေလွှတ်ချက်အရ ယခုကဲ့သို့လာရောက်ဂါရဝပြုတွေ့ ဆုံခြင်းဖြစ်သည်ဟုလည်း ပြောကြားသည်။
နိုင်ငံတော်သမ္မတကြီးလာရောက်မည့် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာတည်ဆောက်ခဲ့သောခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဘုံအကျိုး စီး ပွားအတွက် စာမျက်နှာသစ်၊ ကဏ္ဍသစ်ကိုချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုတိုးတက် ခိုင်မာအောင်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ကို ယုံ ကြည်ကာ ဗီယက်နမ်နိုင်ငံအပေါ် ယုံကြည်စိတ်ချရသည့်မိတ်ဆွေနိုင်ငံအဖြစ်မှတ်ယူဆောင်ရွက်နိုင်သည်ဟု ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတကလည်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံမှုများရှည်ကြာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံမှု နှစ်(၅၀)ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ကာ နှစ်နိုင်ငံသည် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ တူညီမှုများစွာရှိသကဲ့သို့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများလည်း တူညီကြသည်ဟု ပြောသည်။
ထို့ပြင် ခေတ်အဆက်ဆက်တွင် နှစ်နိုင်ငံခေါင်းဆောင်များကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်ခဲ့ကာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ကောင်းမွန်လျက်ရှိပြီး ယခု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခြင်းကြောင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာလာစေရေးနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအစိုးရအချင်း ချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။