ပုသိမ်ကြီးမြို့နယ်က စာသင်တိုက်တစ်ခုတွင် အစာအဆိပ်သင့်မှုဖြစ်ပွား၊သံဃာတော် (၉၀)ကျော်(မစိုးရိမ်ရ) ဆေးရုံတက်ရောက်ကုသနေ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာပေါက်စိမ်း သာမဏေကျော်စာသင်တိုက်မှ သံဃာတော်များ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ မှ သိရသည်။
အဆိုပါ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံကြီးတွင် (၃၀) ပါး (မစိုးရိမ်ရ)၊ကျောက်မီးတိုက်နယ်ဆေးရုံတွင် (၄၆)ပါး (မစိုးရိမ်ရ)၊စာသင်တိုက်တွင် အပါး (၂၀) (မစိုးရိမ်ရ) ၊စုစုပေါင်း ၉၆ ပါးကို ကုသပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီက အသိပေးထုတ်ပြန်ထားသည်။
နယ်မြေခံ (စေတနာမွန် အသင်း - အုန်းချော)နှင့်အတူ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) ပုသိမ်ကြီးမြို့နယ် ၊ ချမ်းမြသာစည်မြို့ရုံး၊ချမ်းအေးသာစံမြို့ရုံး၊အောင်မြေသာဇံမြို့နယ် အဖွဲ့များမှလူနာတင်ယာဉ်များ ဖြင့် ကူညီပေးခဲ့ပြီးသက်ဆိုင်ရာ ကျန်းမာရေး ဌာနများ၏ လမ်းညွှန်မှုဖြင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

image