နီပေါရေကြီးမှု ‌ေ-သဆုံးသူ ၉၅ ဦးအထိ မြင့်တက်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် Balendra Shah ပြော

နီပေါနိုင်ငံ ရာဆူဝါ (Rasuwa) ခရိုင်ရှိ ဘိုတေကိုရှီ (Bhotekoshi) မြစ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးမှုကြောင့် ‌ေ-သဆုံးသူ ၉၅ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း နီပေါရဲတပ်ဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
နောက်ဆုံးရှာဖွေတွေ့ရှိထားသည့် ‌ေ-သဆုံးသူ ၉၅ ဦးတွင် အမျိုးသမီး ၂၇ ဦး၊ အမျိုးသား ၃၇ ဦး၊ မိန်းကလေးငယ် ၆ ဦး၊ ယောက်ျားလေးငယ် ၅ ဦးနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူ ၂၀ ဦး ပါဝင်ကြောင်း သိရသည်။
ရေကြီးမှုဖြစ်ပွားပြီးနောက် နီပေါတပ်မတော်၊ လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် နီပေါရဲတပ်ဖွဲ့တို့ကို ရှာဖွေကယ်ဆယ်ရေးအတွက် ဖြန့်ကြက်ထားပြီး တပ်မတော်ရဟတ်ယာဉ်များဖြင့် လူ ၂၅၀ ကျော်ကို ကယ်ဆယ်ထားသည်။ ဒ-ဏ်ရာရသူများကို ခတ္တမန္ဒူသို့ ပို့ဆောင်ကုသပေးနေပြီး Bir Hospital နှင့် National Trauma Center တို့တွင် ကုတင် ၁၀၀ သီးသန့်ပြင်ဆင်ထားသည်။
ရေကြီးမှုကြောင့် Rasuwa၊ Nuwakot၊ Dhading နှင့် Gorkha ခရိုင်များရှိ ဒေသအများအပြား အထူးထိခိုက်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းသောသောက်သုံးရေ၊ ဆေးဝါးနှင့် ယာယီခိုလှုံရာများ အရေးပေါ်ပံ့ပိုးပေးနေကြောင်း သိရသည်။
နီပေါဝန်ကြီးချုပ် ဘာလင်ဒရာ ရှား (Balendra Shah) က ပျေ-ာက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ညတစ်ညလုံး ဆက်လက်လုပ်ဆောင်ရန်နှင့် ပျ-က်စီးသွားသည့် လမ်း၊ တံတား၊ လျှပ်စစ်နှင့် သောက်သုံးရေပေးဝေရေး အခြေခံအဆောက်အအုံများကို ဦးစားပေး ပြန်လည်တည်ဆောက်ရန် ညွှန်ကြားထားသည်။
ထို့ပြင် အစိုးရအနေဖြင့် ဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားကာ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီပေးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် ‌ေ-သဆုံး၊ ဒ-ဏ်ရာရနှင့် ပျေ-ာက်ဆုံးသူစာရင်းများ ထပ်မံပြောင်းလဲနိုင်ကြောင်း သိရသည်

image