1 ပတ် - ဘာသာပြန်ပါ။

ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ကဏ္ဍစုံပူး ပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖော်ဆောင်ရန်ဆွေးနွေး
ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan တို့ သြဂုတ် ၂၆ ရက်မွန်းလွဲပိုင်းကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် လွတ်လပ်ပြီးတရားမျှတသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲတိုး တက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ စီးပွား ရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေးနှင့် မွေး မြူရေးအပြင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖော်ဆောင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဦးခင်လတ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာ န ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံသံရုံးမှတာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။

image