1 ပတ် - ဘာသာပြန်ပါ။

အာဆီယံ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာမူဘောင်များတွင် မြန်မာနိုင်ငံ အပြည့်အဝနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ဗီယက်နမ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမည်

အာဆီယံ၊ ကုလသမဂ္ဂနှင့် အခြား အပြည်ပြည်ဆိုင်ရာမူဘောင်များတွင် မြန်မာနိုင်ငံ အပြည့်အဝနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ဗီယက်နမ်နိုင်ငံကဆက် လက်ထောက်ခံအားပေးသွားမည်ဟု ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung က ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung တို့ဦးဆောင်၍ သြဂုတ် ၂၆ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် မြန်မာ-ဗီယက် နမ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်၏ (၁၀)ကြိမ်မြောက်အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုကိုဂုဏ်ပြုကာ ဗီယက်နမ်တွင်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ (၁၄)ကြိမ်မြောက် အမျိုးသားပါတီကွန်ဂ ရက်ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေးမဟာဗျူဟာများကို ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် ယခုအချိန်သည် နှစ်နိုင်ငံလုံးအတွက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အချိန်အခါကောင်းဖြစ်၍ နှစ်နိုင်ငံကြား နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားလိုသည်ဟု ပြောသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှု-ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကြိုးပမ်းမှုများကိုထောက်ခံပြီး နှစ်နိုင်ငံကြား အာဆီယံ၊ အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီတို့အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

image