မန်စီးတီးရဲ့မာမွတ်ရှ်ကို အငှားဖြင့် ခေါ်ယူရန် စပါးစ် သဘောတူညီမှုရရှိ
===================

စပါးစ်ဟာ မန်စီးတီးတိုက်စစ်ကစားသမားအိုမာမာမွတ်ရှ်ကို လာမယ့်နှစ် နွေရာသီတွင် ပေါင်သန်း ၆၀ ဖြင့် အပြီးသတ်ခေါ်ယူမယ့် အချက်ပါ အငှားစာချုပ်ဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၇ နှစ်ရှိ အီဂျစ်လက်ရွေးစင်ဟာ အင်္ဂါနေ့တုန်းက စပါးစ်သို့ မန်စီးတီးကစားဖော်ဆာဗင်ဟို ပေါင် ၇၅ သန်းဖြင့် ပြောင်းလာပြီးနောက် မြောက်လန်ဒန်သို့ လိုက်ပါ ကစားလာမှာလည်း ဖြစ်ပါတယ်။
မာမွတ်ရှ်ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလတုန်းက ဖရန့်ဖတ်မှ ပေါင် ၅၉ သန်းဖြင့် ပြောင်းလာခဲ့ပေမယ့်လည်း အီတီဟတ်တွင် အာလင်းဟာလန်းရဲ့ ဒုတိယဦးစားပေးတိုက်စစ်သမားအဖြစ်သာ ကစားခွင့်ရလာသူ ဖြစ်ပါတယ်။
သူဟာ အာဆင်နယ်ကို ၃-၀ ဖြင့် ရှုံ့းနိမ့်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ဒုတိယပိုင်းမှာ လူစားဝင်ရောက် ကစားခွင့်ရခဲ့ပေမယ့် ဘုန်းမောက်အား ၂-၁ ဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။
စပါးစ်ဟာ ယခုနွေရာသီတွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၃၁၂ သန်းအထိ အသုံးပြုထားတဲ့ ကလပ် ဖြစ်ပါတယ်။
မာမွတ်ရှ်ဟာ မန်စီးတီးတွင် ကစားတဲ့ တစ်ရာသီခွဲကာလအတွင်းတွင် ပြိုင်ပွဲအရပ်ရပ် ၆၂ ပွဲကစားထားရာမှာ ၁၆ ဂိုးသွင်းထားနိုင်ပါတယ်။ ယင်းမှာ ၃၆ ပွဲမှာ ပြီးခဲ့တဲ့ရာသီတုန်းက ကစားခဲ့တာပါ။
ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်တွင် ၈ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး မိနစ် ၇၀၀ ဝန်းကျင်တည်းသာ ကစားခွင့်ရခဲ့ပါတယ်။

image