1 ပတ် - ဘာသာပြန်ပါ။

ဖီနာဘာချီရဲ့ နိုင်ပွဲအပြီးတွင် ကွင်းအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့တဲ့ ဂွန်ဒူဇီ
ဖီနာဘာချီရဲ့ နိုင်ပွဲအပြီးတွင် ကွင်းအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့တဲ့ ဂွန်ဒူဇီ
=================

မာတီယိုဂွန်ဒူဇီဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲ ပလေးအော့ဖ်ဒုတိယအကျော့တွင် လိုင်ယွန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲအပြီး ခိုက်ရန်ဖြစ်ပွားမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။
တူရကီကလပ်ဟာ နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဖြင့် အနိုင်ရရှိကာ ၂၀၀၈-၀၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်။
ပထမအကျော့တုန်းက ၁ ဂိုးစီသရေကျပြီးနောက် ဖီနာဘာချီဟာ ဗီဒက်မူရီကီ၊ အာချီဘရောင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ လိုင်ယွန်ကို ၂-၁ ဖြင့် အနိုင်ရခဲ့တာပါ။
ပွဲအပြီးမှာတော့ ကွင်းအတွင်း ခိုက်ရန် ဖြစ်ပွားမှု ဖြစ်ခဲ့သလို ဥမင်လှိုဏ်ခေါင်းအတွင်းတွင်လည်း နှစ်ဖက်အသင်းမှ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များ ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။
ယင်းပွဲအတွင်းတွင် အာဆင်နယ်ကစားသမားဟောင်းဂွန်ဒူဇီဟာ လိုင်ယွန်ပရိသတ်များရဲ့ လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပြီး ကစားဖော်များရဲ့ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ပွဲအပြီးမှာတော့ ဂွန်ဒူဇီဟာ ကွင်းဘေးရှိ ကင်မရာရှိရာသို့ သွားကာ လိုင်ယွန်ရဲ့ ခါးသီးတဲ့ပြိုင်ဘက်ဖြစ်တဲ့ မာဆေးကို ရည်ရွယ်ပြီး "Allez l'OM" သို့ အော်ဟစ်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာတွင် တက်လာတဲ့ ဗီဒီယိုများအရ လိုင်ယွန်အင်္ကျီဝတ်ဆင်ထားတဲ့ လူတစ်ဦးက ပြင်သစ်အလယ်တန်းကစားသမားကို ရန်မူရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရပါတယ်။ ယင်းနောက် ဂွန်ဒူဇီကို ဥမင်လှိုဏ်ခေါင်းအတွင်း ခေါ်ဆောင်သွားချိန်တွင်လည်း နှစ်ဖက်အသင်းသားတို့ ပြဿနာတက်ခဲ့ကြကြောင်း သိရပါတယ်။
ဥမင်လှိုဏ်ခေါင်းအတွင်း နှစ်ဖက်အသင်းသားတို့ရဲ့ ရန်ပွဲတွင် ဂွန်ဒူဇီ ပါဝင်သလားဆိုတာ မသိရသေးပါဘူး။
ပွဲအပြီးမှာတော့ မာဆေးကစားသမားဟောင်းဂွန်ဒူဇီက လိုင်ယွန်ပရိသတ်များ သူ့မိသားစုနှင့် သူ့ကို ဆဲဆိုမှုများပြုလုပ်ကာ မလေးမစားပြုမူခဲ့ကြောင်း ဝေဖန်သွားပါတယ်။