2 ပတ် - ဘာသာပြန်ပါ။

၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်အတွက် မဲခွဲပွဲကို မနက်ဖြန် ကျင်းပပြုလုပ်မယ်

၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်အတွက် မဲခွဲပွဲကို မနက်ဖြန် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
League Phase အဆင့်မှာ ပြီးခဲ့တဲ့ရာသီကလို ပြိုင်ပွဲဝင်အသင်း (၃၆)သင်း ပါဝင်မှာဖြစ်ပြီး လက်ရှိအချိန်မှာ ယှဉ်ပြိုင်ခွင့်ရထားတဲ့ အသင်း(၃၂)သင်း အဖြေထွက်နေပါပြီ။
ကျန်တဲ့ (၄)သင်းကတော့ ဒီည Play-offs ဒုတိယအကျော့ပွဲစဉ်တွေအပြီးမှာ ထပ်မံထွက်ပေါ်လာမှာပါ။
လောလောဆယ် အဖြေထွက်ထားတဲ့ (၃၂)သင်းထဲမှာ စီးရီးအေကလပ် ကိုမို၊ သြစတြီးယားကလပ် LASK နဲ့ အဇာဘိုင်ဂျန်ကလပ် ဆာဘာအသင်းတို့က ချန်ပီယံလိဂ် League Phase အဆင့်(ယခင် အုပ်စုအဆင့်)ကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
League Phase အဆင့်မှာ ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ တစ်သင်းကို (၈)ပွဲစီ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပွဲစဉ်(၁)ကို စက်တင်ဘာ(၈)မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၆-၂၇ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ အသုံးပြုမယ့် Adidas ဘောလုံးအသစ်ကိုလည်း ဒီနေ့ မိတ်ဆက်ပြသခဲ့ပါတယ်။
မဲခွဲပွဲကို မြန်မာစံတော်ချိန် မနက်ဖြန်ည (၁၁း၃၀)နာရီမှာ စတင်မှာဖြစ်ကြောင်း သိရပါတယ်။

image