ဘာကိုလာအတွက် လီဗာပူးလ်နဲ့ PSG တို့ရဲ့ ဆွေးနွေးမှု တိုးတက်မှုရှိနေ

ပြင်သစ်တိုက်စစ်ကစားသမား ဘာကိုလာအတွက် လီဗာပူးလ်နဲ့ PSG တို့ရဲ့ ဆွေးနွေးမှုက ဒီနေ့အထိ ပြီးပြတ်ခြင်းမရှိသေးပေမဲ့ တိုးတက်မှုရှိနေကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက ဝါရင့်တိုက်စစ်ကစားသမား ဆာလာရဲ့နေရာ အစားထိုးဖို့အတွက် ဘာကိုလာကို ပစ်မှတ်ထားကြိုးပမ်းနေခြင်းဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပါပြီ။
လီဗာပူးလ်အသင်းက ဘာကိုလာကို ပေါင်သန်း(၉၀)ဝန်းကျင်နဲ့ စတင်ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရပြီး နောက်ထပ်ကမ်းလှမ်းမှု ပြုလုပ်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။
PSG အသင်းက ဘာကိုလာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၄၅)သန်းဝန်းကျင် ရရှိဖို့ လိုလားနေပြီး လီဗာပူးလ်အသင်းက ပေါင်သန်း(၁၀၀)ထက်ပိုပြီး မပေးလိုတာကြောင့် ကွာဟမှုက ပေါင်(၄၅)သန်းလောက် ရှိနေကြောင်း သိရပါတယ်။
ဒါပေမဲ့ ဘာကိုလာက PSG အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ်သာ ကျန်ရှိတော့တာကြောင့် PSG အသင်းအနေနဲ့ သူတို့ရဲ့တောင်းဆိုမှုကို လျှော့ချပေးဖွယ်ရှိကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
လီဗာပူးလ်အသင်းက ဘာကိုလာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နယ်သာလန်ကစားသမား ဂက်ပိုကို ရောင်းထုတ်ဖွယ်ရှိပြီး ဒီအပြောင်းအရွှေ့တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

image