မြန်မာ့လူငယ်ဘောလုံးဖွံ့ဖြိုးရေးအတွက် ဘာစီလိုနာအကယ်ဒမီ နည်းပြငှါးရမ်းမည်

မြန်မာ့လူငယ်ဘောလုံးကဏ္ဍ (Youth Development) ဖွံ့ဖြိုးတိုးတက်ရေးအတွက် စပိန်ကလပ် ဘာစီလိုနာအကယ်ဒမီမှ နည်းပြတစ်ဦးကို ငှားရမ်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ
ဦးဇော်ဇော်က ပြောကြားလိုက်သည်။
နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ (ဩဂုတ်လ ၂၄ ရက်) ကကျင်းပသည့် MYANMAR League (M League) ပြိုင်ပွဲအတွက် Logo Launching၊ Official Partnership Signing Ceremony & Press Conference အခမ်းအနားတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားနှင့် စပွန်ဆာကုမ္ပဏီများကို ကျေးဇူးတင်စကား ပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိ၌ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းကို နော်ဝေးနိုင်ငံသား ယန်အန်ဒါဆန်၊ အမျိုးသမီးအသင်းကို အင်္ဂလန်နိုင်ငံသား နည်းပြချုပ် ကောလင်းဘဲလ်က ကိုင်တွယ်နေသည်။
ယခုနှစ် ရာသီ MYANMAR League (M League) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကာ အဆိုပါ အခမ်းအနားတွင် M League ၏ စပွန်ဆာကုမ္ပဏီများနှင့် သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကိုပါ တစ်ပါတည်း ပြုလုပ်ခဲ့သည်။

image