1 ပတ် - ဘာသာပြန်ပါ။

ရွာသာကြီးစက်မှုဇုန်တွင် ရန်ပုံငွေပေးသွင်းရန် ပျ-က်ကွက်သည့် မြေကွက်နှင့် စက်ရုံ၊ အလုပ်ရုံ ၁၀ ခုရှိပြီး ကြွေးကျန် ကျပ် ၄၄၇ သိန်းကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွာသာကြီး(အကြီးစား)စက်မှုဇုန်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရန်ပုံငွေပေးသွင်းရန် ပျ-က်ကွက်လျက်ရှိသည့် မြေကွက်နှင့် စက်ရုံ၊ အလုပ်ရုံ ၁၀ ခုရှိပြီး စုစုပေါင်းပေးသွင်းရန်ကျန်ငွေ ကျပ် ၄၄၇ သိန်းကျော်ရှိကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၏ စာရင်းအရ သိရသည်။
ရန်ပုံငွေကြွေးကျန်စာရင်းတွင် ခြံကွက်လပ်များ၊ စက်ရုံ၊ အလုပ်ရုံနှင့် ဂိုထောင်တို့ပါဝင်ပြီး ဦးကျော်ကျော်အောင်၊ Three Friends Construction Co.,Ltd၊ ဒေါ်ဝါဝါချစ်၊ ဦးလင်းအဖီး၊ ဦးစိုးမြင့်နှင့် ဒေါ်ဖြူဖြူအောင်တို့၏ အမည်များလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၃၉) ညောင်ဦးလမ်းရှိ ခြံကွက်လပ်၊ အမှတ်(၆)နှင့် အမှတ်(၇) ရိုးမရိပ်သာလမ်းရှိ မြေကွက်များ၊ အမှတ်(၁၉)နှင့် အမှတ်(၂၀) ပုဂံဝန်ထောက်ဦးတင်လမ်းရှိ မြေကွက်များအပါအဝင် စက်မှုဇုန်အတွင်းရှိ မြေကွက်နှင့် အဆောက်အအုံများတွင် ရန်ပုံငွေပေးသွင်းရန် ပျ-က်ကွက်မှုများရှိနေကြောင်း စာရင်းတွင် ဖော်ပြထားသည်။
ကြွေးကျန်ကာလမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိဖြစ်ပြီး ပေးသွင်းရန်ကျန်ငွေပမာဏမှာ ပိုင်ရှင်တစ်ဦးချင်းအလိုက် ကွဲပြားလျက်ရှိကာ စုစုပေါင်း ကျပ် ၄၄,၇၈၃,၀၆၄ (ကျပ် ၄၄၇ သိန်းကျော်) ရှိကြောင်း ရွာသာကြီး(အကြီးစား)စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ စာရင်းအရ သိရသည်။

image