1 ပတ် - ဘာသာပြန်ပါ။

အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၃၉/၂ နှင့် ၃၃၉/၃ ကြားတွင် ကွန်ကရစ်လမ်းသားနိမ့်ကျ၍ အစားထိုးပြုပြင်နေ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၃၉/၂ နှင့် ၃၃၉/၃ ကြားတွင် ကွန်ကရစ်လမ်းသားနိမ့်ကျ၍ အစားထိုးပြုပြင်လျက်ရှိကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ယင်းနေရာ၌ လမ်းအောက်ခံမြေသားနိမ့်ကျကာ ကွန်ကရစ်လမ်းသားနိမ့်ကျမှုဖြစ်ပေါ်၍ အစားထိုးပြုပြင်ခြင်းကို စက်ယန္တရားများသုံးအသုံးပြုဆောင်ရွက်လျက်ရှိရာ အမြန်လမ်းအသုံးပြုသွားလာနေကြသူများအနေဖြင့် လုပ်ငန်းခွင်အနီးရောက်ရှိချိန်၌ အရှိန်လျှော့ ၍ ဂရုပြုမောင်းနှင်ကြပါရန်၊ မိုးရွာချိန်/ညအချိန်များတွင် အရှိန်လျှော့ချမောင်းနှင်ရန်၊ သတ်မှတ်နှုန်းအောက်သာမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးခဲ့ကြောင်း သိရသည်။

image