9 ပတ် - ဘာသာပြန်ပါ။

အခွန်ထမ်းငွေများကို နိုင်ငံတော်အတွက်အမှန်တကယ်လိုအပ်သည့်နေရာများတွင် အကျိုးရှိရှိအသုံးချရန်လိုဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

အခွန်ထမ်းငွေများကို နိုင်ငံတော်အတွက်အမှန်တကယ်လိုအပ်သည့်နေရာများတွင် အကျိုးရှိရှိအသုံးချရန်လိုသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၂၅ ရက်တွင်ကျင်းပသော ပြည်ထောင်စုအစိုး ရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများ၊ ပြည်သူများအနေဖြင့် အခွန်ငွေများကိုထမ်းဆောင်ကြပြီး နိုင်ငံတော်အစိုးရအနေဖြင့် အခွန်ထမ်းငွေများဖြင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပြောသည်။
" အခွန်ထမ်းငွေတွေကို နိုင်ငံတော်အတွက် အမှန်တ ကယ်လိုအပ်တဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချကြဖို့လိုပါတယ်။ ဝန်ကြီးဌာနတွေအလိုက် တိုင်းနဲ့ ပြည်နယ်အလိုက်အခွန်ငွေတွေကို ထိထိရောက်ရောက်အသုံးချရာမှာ အခွန်ထမ်းပြည်သူတွေရဲ့ မျက်နှာကိုကြည့်ဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် ဖက်ဒရယ်ကိုအခြေခံသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းနေခြင်းဖြစ်ရာ တိုင်းနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များပေးအပ်ထားသကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့မှချမှတ်ဆောင်ရွက်သည့် မူဝါဒများကိုလည်း အောင်မြင်အောင်ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြောသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည် ထောင်စုဝန်ကြီးဌာနများမှလည်းစနစ်တကျဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image