9 ပတ် - ဘာသာပြန်ပါ။

ယနေ့ နံနက်အစောပိုင်းက စဥ့်ကူးမြို့ကိုဗဟိုပြုပြီး နာရီပိုင်းသာခြား၍ ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့

စဥ့်ကူးမြို့ကိုဗဟိုပြု၍ ယနေ့ သြဂုတ် ၂၆ ရက်နံနက်အစောပိုင်းက နာရီပိုင်းသာခြားပြီး ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
နံနက်အစောပိုင်း ၅ နာရီ ၂ မိနစ် ၂၇ စက္ကန့်က စဥ့်ကူးမြို့၏ အရှေ့တောင်ဘက်(၈)မိုင်ခန့်အကွာ၊ အနက်(၁၄) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၄ နာရီ ၅ မိနစ် ၄၅ စက္ကန့်ကလည်း စဥ့်ကူးမြို့၏ အနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာ၊ အ နက်(၃၅)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စဥ့်ကူးမြို့ကိုဗဟိုပြုပြီး ငလျင်(၂)ကြိမ်လှုပ်ခတ်မှုကို မန္တဘေးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image