ဂိုးသမား ဆန်းချက်ဇ်ရဲ့အမှားများအတွက် အလွန်ဆို ကာကွယ်ခဲ့

ချယ်လ်ဆီးအသင်းနည်းပြ အလွန်ဆိုက ဖူလ်ဟမ်နဲ့ပွဲက ဂိုးသမား ဆန်းချက်ဇ်ရဲ့အမှားများအတွက် ကာကွယ်ပေးခဲ့ပါတယ်။
၎င်းက ဆန်းချက်ဇ်ကို စိတ်အေးအေးထားပြီး ဆက်လုပ်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဆန်းချက်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ချယ်လ်ဆီးအသင်း ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးက သူ့ရဲ့အမှားနဲ့ မကင်းခဲ့ပါဘူး။
ဂျို့ရှ်ကင်းရဲ့ပထမဂိုးက သူ့ရဲ့ထောင့်ကျဉ်းထဲကို ကန်ချက်သိပ်မပြင်းဘဲ ကန်သွင်းခဲ့တာဖြစ်ပြီး ဂွန်ဇာလိုဂါစီယာရဲ့ဂိုးကလည်း ကက်စတာညာကန်ချက်ကို ဆန်းချက်ဇ် ပုတ်ထုတ်ရာမှာ ပြိုင်ဘက်ကစားသမားဆီ တည့်တည့်ရောက်ခဲ့လို့
ခေါင်းတိုက်ဂိုးသွင်းသွားတာ ခံခဲ့ရပါတယ်။
အလွန်ဆိုက ''ဒါဟာ အသင်းနဲ့ဆိုင်ပါတယ်။ လုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ မပတ်သက်ပါဘူး။ ပထမဂိုးက ကျွန်တော်တို့ ခံစစ်ကို ပိုကာကွယ်နိုင်ရမယ်။ ဒီလိုအခြေအနေကို ရှောင်ကြဉ်နိုင်ဖို့ ပိုကောင်းအောင် လုပ်ရမယ်။ ဒါပေမဲ့ ဒီဟာက
ပွဲရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တို့ ဒါကို လက်ခံဖို့လိုပြီး သင်ခန်းစာယူရပါမယ်။ ဒါက လုပ်ငန်းစဉ်တစ်ခုအဖြစ် သွားနေတယ်။ တိုက်စစ်မှူးတွေ၊ ကွင်းလယ်ကစားသမားတွေ၊ နောက်ခံလူတွေနဲ့ ဂိုးသမားတွေ အားလုံးပေါ့။
ကျွန်တော်တို့ အရာရာတိုင်းမှာ ပိုကောင်းချင်ပါတယ်။ ဒီရည်မှန်းချက်ကို ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ပြီးတော့ စိတ်အေးအေးထားပြီး ဆက်လုပ်သွားဖို့ပါပဲ''လို့ ပြောခဲ့ပါတယ်။
၎င်းက နွေရာသီကာလအတွင်းမှာပဲ နံပါတ်တစ်ဂိုးသမား ဆန်းချက်ဇ်နဲ့ ဘယ်လ်ဂျီယံဂိုးသမား ပန်ဒါစ်တို့အပေါ် ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်း ဂိုးသမားသစ် ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေလည်း မကြာခဏ ထွက်လေ့ရှိပါတယ်။

image