ဆာဗင်ညိုကို အသင်းကစားသမားသစ်အဖြစ် စပါးအသင်း တရားဝင်မိတ်ဆက်

စပါးအသင်းဟာ မန်စီးတီးအသင်းက ခေါ်ယူထားတဲ့ ဆာဗင်ညိုကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
စပါးအနေနဲ့ ဆာဗင်ညို(၂၂ နှစ်)အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ Add-ons ကြေး ပေါင် ၁၀ သန်း ပေးချေရမှာဖြစ်တယ်။
Add-ons ကြေး ပေါင် ၁၀ သန်းမှာ ငါးသန်းက လွယ်လွယ်ကူကူ ပြည့်မြောက်နိုင်လို့ မန်စီးတီးအနေနဲ့ အနည်းဆုံး ပေါင် သန်း ၈၀ အထိ ရရှိနိုင်ပါလိမ့်မယ်။
ဆာဗင်ညိုရဲ့စာချုပ်သက်တမ်းကို တရားဝင်မထုတ်ပြန်ပေမဲ့ ၂၀၃၀ ခုနှစ်အထိ ဖြစ်လိမ့်မယ်လို့ သတင်းတွေက ရေးသားခဲ့ပါတယ်။
ဆာဗင်ညိုဟာ ၂၀၂၄ ခုနှစ်က မန်စီးတီးအသင်းရဲ့ပိုင်ရှင်တူကလပ် ထရွိုင်စ်အသင်းကနေ ပေါင် ၃၀.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်။
စပါအသင်းဟာ ဆာဗင်ညိုကို ခေါ်ယူပြီးနောက် အခုနွေရာသီ အသုံးစရိတ်ဟာ ပေါင် ၃၀၄.၅ သန်းအထိ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ စပါးအသင်းအနေနဲ့ ရပ်တန့်ဦးမှာမဟုတ်သေးဘဲ မန်စီးတီးအသင်းက မာမွတ်ရှ်ကို ပေါင် သန်း ၅၀နဲ့ ၇၅ သန်းအကြားပေးပြီး ထပ်မံခေါ်ယူဖို့ နီးစပ်နေပါတယ်။

image