2 ရက် - ဘာသာပြန်ပါ။

PFA အကောင်းဆုံးကစားသမားဆုကို မန်ယူနိုက်တက်ကစားသမားတွေထဲ ရှစ်ဦးမြောက်ရရှိသူအဖြစ် ဘရူနိုဖာနန်ဒက်စ် မှတ်တမ်းဝင်

မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ခေတ်မှာ PFA အကောင်းဆုံးကစားသမားဆုကို ရှစ်ဦးမြောက်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖာနန်ဒက်စ်မတိုင်ခင် ကန်တိုနာ(၁၉၉၄)၊ ရွိုင်ကင်း(၂၀၀၀)၊ ရှရင်ဂမ်(၂၀၀၁)၊ နစ္စတယ်ရွိုင်း(၂၀၀၂)၊ စီရော်နယ်လ်ဒို(၂၀၀၇၊ ၂၀၀၈)၊ ရိုင်ယန်ဂစ်(၂၀၀၉)၊ ရွန်နီ(၂၀၁၀)တို့က ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဖာနန်ဒက်စ်ဟာ ၁၆ နှစ်တာကာလအတွင်း မန်ယူနိုက်တက်ကစားသမားတွေထဲ ပထမဆုံး ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့တယ်။
PFA အကောင်းဆုံးဆုပေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး ဖာနန်ဒက်စ်က အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းတို့ကို ကျော်ဖြတ်ဆွတ်ခူးခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးအဖြစ် ၂၁ ကြိမ်ရှိခဲ့ကာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို မန်စီးတီးတိုက်စစ်မှူး ခါဒီဂျာရှော၊ လူငယ်အမျိုးသားအကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းက အိုရိုင်လီနဲ့ လူငယ်အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို အာဆင်နယ်အသင်းက
အိုလီဗီယာစမစ်တို့က အသီးသီးရရှိခဲ့ကြပါတယ်။
PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ အာဆင်နယ်အသင်းက ရာယာ၊ တင်ဘာ၊ ဆာလီဘာ၊ ဂါဘရီယဲလ်နဲ့ ဒက်ကလန်ရိုက်စ်၊ မန်စီးတီးအသင်းက အိုရိုင်လီ၊ ချာကီ၊ ဟာလန်းနဲ့ ဆယ်မန်ညိုတို့ ပါဝင်ခဲ့ပြီး မန်ယူနိုက်တက်အသင်းက
ဖာနန်ဒက်စ်နဲ့ ဘရန့်ဖို့ဒ်အသင်းက အီဂေါသီယာဂိုတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

image