တိုက်ဖွန်းနာရာကြောင့် တရုတ်နှင့် ဗီယက်နမ်တွင် မိုးကြီးရေလျှံ၊ တရုတ်၌ လူ ၅၄,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

တိုက်ဖွန်းမုန်တိုင်း နာရာ (Narra) ၏ အရှိန်ကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီဒေသတို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အခြေခံအဆောက်အအုံများနှင့် စိုက်ပျိုးသီးနှံများ ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၅၄,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ယင်းတို့အနက် ၈,၀၈၇ ဦးကို အရေးပေါ်ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ပေးထားကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြသည်။
ဗီယက်နမ်မြောက်ပိုင်းတွင်လည်း နာရာမုန်တိုင်းအရှိန်ကြောင့် ရက်နှင့်ချီ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စု ၄,၃၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတောင်တန်းဒေသများဖြစ်သည့် Lang Son နှင့် Cao Bang ပြည်နယ်တို့တွင် ဩဂုတ် ၂၄ ရက် နံနက်အစောပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၂၃၆ မီလီမီတာမှ ၃၀၀ မီလီမီတာအထိ ရရှိခဲ့သဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟာလောင်ပင်လယ်အော် (Ha Long Bay) တည်ရှိရာ Quang Ninh ပြည်နယ်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့၏ အစိတ်အပိုင်းအချို့ ရေမြုပ်ခဲ့ကာ ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မုန်တိုင်းအရှိန်ကြောင့် ကျောင်းများနှင့် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှု ထိခိုက်ခဲ့သည့်အပြင် အိမ်ထောင်စု ၅၅,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြ-တ်တေ-ာက်ခဲ့ပြီး ဆန်နှင့် အခြားစိုက်ပျိုးသီးနှံ ဟက်တာ ၁၀,၀၀၀ ကျော် ပျ-က်စီးခဲ့ကြောင်း ဖော်ပြထားသည်။

image