သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက် သို့ တစ်ကျော့ပြန်ကျော်လွန်ရောက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းကြရန်လိုက်လံအသိပေးနှိုးဆော်

သောင်ရင်းမြစ်ရေသည် ယနေ့ သြဂုတ် ၂၄ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်သို့ တစ်ကျော့ပြန်ကျော်လွန်ရောက်ရှိလာသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေ ထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ညနေပိုင်းမှစတင်၍ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏စိုးရိမ်ရေမှတ်အ ထက်သို့ကျော်လွန်ရောက်ရှိခဲ့သဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းအနီးတို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုသို့ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရွှေ့ပြောင်းပေးခဲ့ရာမှ ယမန်နေ့ သြဂုတ် ၂၃ ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုအနက် (၃)ခုကိုပိတ်သိမ်းပြီးနောက် ရေဘေးသင့်သူများမှာ ၎င်းတို့၏နေ အိမ်များသို့ပြန်လည်နေထိုင်ခဲ့ကြကြောင်း သိရသည်။
ရေဘေးသင့်သူများ ၎င်းတို့၏နေအိမ်များသို့ပြန်လည်ရွှေ့ပြောင်းနေထိုင်ပြီးချိန်တွင်ပင် ယနေ့ သြဂုတ် ၂၄ ရက်၌ သောင်ရင်းမြစ်ရေမှာ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်သို့ တစ်ကျော့ပြန်ကျော်လွန်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image