ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ ဝပ်ကင်စ် ငြင်းဆန်ခဲ့ကြောင်း သတင်းထွက်နေပြီး မိမိ မဖြေနိုင်ကြောင်း အူနိုင်းအမ်မရီ တုံ့ပြန်

အက်စတွန်ဗီလာတိုက်စစ်မှူး ဝပ်ကင်စ်အနေနဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့ကြောင်း သတင်းထွက်နေပြီး အဲဒီအတွက် မေးမြန်းမှုကို နည်းပြ အူနိုင်းအမ်မရီက မိမိ မဖြေနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
အသက်(၃၀)ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး ဝပ်ကင်စ်ဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားတာကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်နေတာပါ။
''ဒီမေးခွန်းက သူ ဖြေရမှာပါ။ ကျွန်တော် ဖြေနိုင်တာကတော့ နှုတ်ဆိတ်နေခြင်းပါပဲ။ ခင်ဗျားအနေနဲ့ သူ့ကို မေးနိုင်တယ်၊ သူ့အေးဂျင့်ကို မေးနိုင်တယ်၊ သူကလည်း တုံ့ပြန်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်'' လို့ အူနိုင်းအမ်မရီက သတင်းသမားရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
အယ်လ်ဟီလာအသင်းက ဝပ်ကင်စ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပေမဲ့ အက်စတွန်ဗီလာအသင်းကို ကမ်းလှမ်းခဲ့တဲ့ (၄)ကြိမ်စလုံးတော့ ငြင်းပယ်ခံထားရကြောင်း သိရပါတယ်။
အယ်လ်ဟီလာအသင်းရဲ့ နောက်ဆုံးကမ်းလှမ်းမှုက ပေါင်(၃၈)သန်းဖြစ်ပြီး အက်စတွန်ဗီလာအသင်းက ပေါင်သန်း(၅၀)အထက် အလိုရှိနေကြောင်း သိရပါတယ်။

image