5 ရက် - ဘာသာပြန်ပါ။

ယခုရာသီ MYANMAR League (M League) ပြိုင်ပွဲအတွက် Logo Launching၊ Official Partnership Signing Ceremony & Press Conference ပြုလုပ်

ယခုရာသီ MYANMAR League (M League) ပြိုင်ပွဲအတွက် Logo Launching၊ Official Partnership Signing Ceremony. & Press Conference ကို ယနေ့နေ့လယ် (၁) နာရီက ရန်ကုန်မြို့ရှိ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဦးစွာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားနဲ့ စပွန်ဆာကုမ္မဏီများကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
ထို့နောက် ၂၀၀၉ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသမိုင်းကြောင်းကို ဗီဒီယိုဖြင့် ပြသခဲ့ပါတယ်။
ထို့နောက် ယခုရာသီ MYANMAR League (M League) ပြိုင်ပွဲဝင်အသင်း (၁၂) သင်းကို တစ်သင်းချင်းစီ မိတ်ဆက်ခဲ့ပါတယ်။
ထို့နောက် ယခုရာသီ MYANMAR League (M League) ပြိုင်ပွဲကို စပွန်ဆာပေးကြတဲ့ ကုမ္မဏီများနဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ယခုရာသီ MYANMAR League (M League) ပြိုင်ပွဲကို Official Banking Partnership အဖြစ် AYA Bank၊ Official Payment Partnership အဖြစ် AYA Pay၊ Official Title partnership အဖြစ် Grand Royal Group
International၊ Official Broadcasting Partnership အဖြစ် Forever Group နဲ့ Official Partnership များအဖြစ် ကုမ္ပဏီ (၈) ခုတို့က ပံ့ပိုးကူညီခဲ့ကြကြောင်း သိရပါတယ်။

image