5 ရက် - ဘာသာပြန်ပါ။

မာရာဒိုနာ ဘုရားပေးသောလက်နဲ့ သွင်းယူခဲ့တဲ့ဘောလုံးကို ဒေါ်လာ(၃.၃၅)သန်းနဲ့သာ လေလံတင်ရောင်းချနိုင်ခဲ့

အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာ ဘုရားပေးသောလက် Hand of God နဲ့ သွင်းယူခဲ့တဲ့ ဘောလုံးကို ဒေါ်လာ(၃.၃၅)သန်းနဲ့သာ လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ အာဂျင်တီးနားက အင်္ဂလန်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အာဂျင်တီးနားအသင်းအတွက် နှစ်ဂိုးစလုံးကို မာရာဒိုနာက သွင်းယူခဲ့ပါတယ်။
ပထမဂိုးကို မာရာဒိုနာက လက်နဲ့ပုတ်ပြီး သွင်းယူခဲ့တာကြောင့် ဘုရားပေးသောလက် Hand of God အဖြစ် ကျော်ကြားခဲ့ပြီး ဒုတိယဂိုးကိုတော့ အင်္ဂလန်ကစားသမားအများအပြားကို ကျော်ဖြတ်သွင်းယူခဲ့ခြင်းဖြစ်တာကြောင့် ရာစုနှစ်ရဲ့ အကောင်းဆုံးဂိုး Goal of the Century အဖြစ် ဖီဖာက ရွေးချယ်ခဲ့ပါတယ်။
အဲဒီသမိုင်းဝင်ပွဲမှာ ဘောလုံးတစ်လုံးတည်းသာ အသုံးပြုခဲ့ပြီး ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ တူနီးရှားဒိုင်လူကြီး အလီဘင်နက်ဆာက ပွဲအပြီးမှာ အမှတ်တရယူဆောင်သွားခဲ့ပါတယ်။
အလီဘင်နက်ဆာက ဆယ်စုနှစ်(၃)ခုကျော် သိမ်းဆည်းထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ(၂.၃၇)သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။
ပိုင်ရှင်အသစ်က စနေနေ့က ပြုလုပ်ခဲ့တဲ့ Heritage Auctions လေလံပွဲမှာ ရောင်းချခဲ့ရာမှာ ဒေါ်လာ(၁၀)သန်း ရရှိဖို့ မျှော်လင့်ခဲ့ပေမဲ့ ဒေါ်လာ(၃.၃၅)သန်းသာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

image