ရန်ကုန်တိုင်းအစိုးရအဖွဲ့ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အရိပ်ရပင်ပေါင်း(၄)သောင်းပင်ခန့်စိုက်ပျိုး
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ် ပင်စိုက်ပျိုးပွဲအား ယနေ့ သြဂုတ် ၂၃ ရက်နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေဝေရေလဲဒေသ၌ စတုတ္ထအကြိမ်မြောက်အဖြစ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ တက်ရောက်စိုက်ပျိုးပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ် ပင်စိုက်ပျိုးပွဲကို ပထမအကြိမ်အဖြစ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အစိုးရနည်းပညာကောလိပ်တွင် အရိပ်ရပင်(၁,၀၀၀)ပင်၊ ဒုတိယအကြိမ်အဖြစ် မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် အရိပ်ရပင် (၁၈,၉၀၀)ပင်၊ တတိယအကြိမ်အဖြစ် ရဲမွန်တပ်မြို့ ရဲမွန်ကျောင်းဝင်းတွင် အရိပ်ရပင်(၁,၂၂၃)ပင်၊ စတုတ္ထအကြိမ်အဖြစ် မင်္ဂလာဒုံမြို့နယ်၊ လှော်ကားရေဝေရေ လဲဒေသတွင် အရိပ်ရပင်(၃၇,၈၀၀)ပင်ကိုစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျင်းပပြီးဖြစ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၄)ကြိမ်၌ ဧကပေါင်း(၁၁၅)ဧကတွင် အရိပ်ရပင်ပေါင်း (၅၈,၉၂၃)ပင်ကို အောင်မြင်စွာစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။