1 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော် ၌ဆွေးနွေးမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို မနက်ဖြန် သြဂုတ် ၂၄ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဖြစ်ပြီး ရန် ကုန်တိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းအား လှိုင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးစံကျော် ကဆွေးနွေးသွားမည်ဖြစ်ပြီး အ စည်းအဝေးတွင် သာကေတမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)ဦးလှဝင်းမောင်၏ ရန်ကုန်တိုင်းရှိ နိုင်ငံခြားသားများအနက် ဗီဇာစည်းကမ်းချိုးဖောက်နေသော နိုင်ငံခြားသားများနှင့်ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ် (၂)ဦးကျော်မင်းထက်၊ သုံးခွမြို့နယ်ကိုယ်စားလှယ်အ မှတ်(၁)ဒေါ်ခင်မြတ်စု၊ တောင်ဥက္ကလာပမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)ဦးအောင်ကျော်မိုး၊ မှော်ဘီမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးကြည်မြင့်တို့ကလည်း ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းသွားကြမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မှော်ဘီမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးကျော်လင်းဇော်၊ ကွမ်းခြံကုန်းမြို့နယ်ကိုယ်စားလှယ်အ မှတ်(၁)ဦးတင်လင်း၊ မင်္ဂလာဒုံမြို့နယ်ကိုယ်စားလှယ်အ မှတ်(၁)ဦးမျိုးမင်းနိုင်၊ ဒလမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)ဦးသန်းဦး၊ မင်္ဂလာဒုံမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)ဒေါ်လေးလေးမြင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးဝေယံပိုင်တို့ကလည်း ကြယ်ပွင့်မေးခွန်းများကိုမေးမြန်းသွားကြမည်ဖြစ်ကြောင်း သိရသည်။

image