1 ရက် - ဘာသာပြန်ပါ။

ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင်

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတွက် ဟာရီကိန်းက မဲအများဆုံးရခဲ့တာဖြစ်တယ်။
ဒီဆုကို Kicker magazine က ကမကထပြု ချီးမြှင့်ပြီး ဂျာမန်အားကစားဂျာနယ်လစ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ၆၉၅ ဦးက မဲပေးခဲ့ကြပါတယ်။
ယင်းဆုရွေးချယ်ရာမှာ ဘွန်ဒစ်လီဂါကစားသမားတွေအပြင် ပြည်ပရောက် ဂျာမန်ကစားသမားတွေလည်း အကျုံးဝင်ပါတယ်။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၆၁ ဂိုးသွင်းခဲ့ပြီး ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားနှစ်လုံး ရယူပေးခဲ့ပါတယ်။
ဘိုင်ယန်တိုက်စစ်မှူး ဟာရီကိန်းဟာ စုစုပေါင်း ၂၇၂ မဲနဲ့ ဆုရခဲ့ပြီး အသင်းဖော် အိုလီဆေးက ၂၀၃ မဲ ရရှိခဲ့ပါတယ်။
ဘိုင်ယန်နည်းပြ ကွန်ပနီကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘိုင်ယန်အသင်းဟာ သောကြာနေ့မှာကစားမယ့် စတုဂတ်နဲ့ ပွဲမစခင် ဟာရီကိန်းနဲ့ ကွန်ပနီတို့ကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

image