1 ရက် - ဘာသာပြန်ပါ။

အာဆင်နယ်ကွင်းလယ်လူဟောင်း ပါတေး ဆော်ဒီကလပ်ထံ ပြောင်းရွှေ့

အာဆင်နယ်ကွင်းလယ်လူဟောင်း ပါတေးဟာ ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ပါတေးဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာပါ။
၎င်းဟာ အယ်လ်ရှာဘတ်အသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ပါတေးအနေနဲ့ ဗြိတိန်မှာ မုဒိမ်းမှုစွဲချက်တွေနဲ့ တရားရင်ဆိုင်သွားရဦးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဗီလာရီးယဲလ်အသင်းအတွက် လာလီဂါ ၃၂ ပွဲ ကစားခဲ့ပေမဲ့ အသင်းဘက်က စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၎င်းဟာ အာဆင်နယ်အသင်းမှာ ၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၆၇ ပွဲ ကစားပေးခဲ့ပါတယ်။

image