7 ရက် - ဘာသာပြန်ပါ။

စားသုံးဆီ ခွဲတမ်းစနစ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်တွင် ယနေ့ မေးမြန်းမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဩဂုတ်လ ၂၁ ရက်) မွန်းလွဲ ၁ နာရီတွင် ကျင်းပမည်ဖြစ်သည်။
ယနေ့ကျင်းပမည့် အစည်းအဝေးတွင် သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက စားသုံးသူပြည်သူများ လက်ဝယ်သို့ စားသုံးဆီ ရောင်းချဖြန့်ဖြူးရာ၌ ခွဲတမ်းစနစ်အား မည်သို့စီမံဆောင်ရွက်
နေသည်ကို အဓိကထား မေးမြန်းမည်ဖြစ်သည်။
ထို့ပြင် ပြည်သူများ လုံလောက်စွာ ရရှိရေး အစီအစဉ်များနှင့် စျေးကွက်အတွင်း မသမာမှုပြုလုပ်သူများကို မည်သို့အရေးယူ ဆောင်ရွက်သွားမည်နည်း ဆိုသည့်အချက်ကိုပါ ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။
ထို့ပြင် အခြားမြို့နယ် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်များကလည်း ထန်းတပင်မြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း တရားမဝင် သဲ/ကျောက် စုတ်ယူခြင်းများအား စနစ်တကျ စီမံခန့်ခွဲရေး၊ ပုဇွန်တောင်မြို့နယ်ရှိ ရထားသံလမ်းဘေး ကျူးကျော်တဲများ ရှင်းလင်းရေးနှင့် သံလျင်၊ တွံတေးမြို့နယ်များအတွင်း လမ်းပန်းဆက်သွယ်ရေး အဆင့်မြှင့်တင်ရေး မေးခွန်းများကို မေးမြန်းကြမည်ဖြစ်သည်။
အလားတူ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် မြဩဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းသက်သာစွာ ရရှိရေး၊ မြေပြင်ပိုင်ဆိုင်မှု အမည်ပြောင်း လျှောက်ထားရာတွင် ကြန့်ကြာမှုနှင့် စရိတ်လျှော့ချရေး၊ မရမ်းကုန်းမြို့နယ်ရှိ အိမ်ရာအချို့၏ အမှိုက်သိမ်းဆည်းမှု စနစ်နှင့် တောင်ဥက္ကလာပမြို့နယ်အတွင်း ချောင်း/မြောင်းများပေါ်တွင် ဥပဒေမဲ့ လုပ်ရပ်များ ဆောင်ရွက်နေမှုကို စည်ပင်သာယာရေးကော်မတီမှ ကြပ်မတ်ပေးရန် မေးမြန်းချက်များကိုလည်း မေးမြန်းဆွေးနွေးသွားကြမည် ဖြစ်သည်။

image