7 ရက် - ဘာသာပြန်ပါ။

လက်ဖြင့် သွင်းယူတဲ့ ဂိုးအတွက် ပွဲပယ်ခံလာရတဲ့ ဝက်စ်ဘရွန်းတိုက်စစ်မှူးဟက်ဂီဘို
===================

ဝက်စ်ဘရွန်းတိုက်စစ်မှူးအွန်ဟက်ဂီဘိုဟာ စနေနေ့တုန်းက နော့ဝှစ်ချ်စီးတီးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် လက်ဖြင့် ဂိုးသွင်းယူခဲ့မှုအတွက် အက်ဖ်အေရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ယင်းပွဲရဲ့ ပွဲချိန် ၇၅ မိနစ်တွင် ဘယ်တောင်ပံမှ ဂျေးမော်ဂန်ရဲ့ ဖြတ်တင်ဘောမှတဆင့် လက်ဖြင့် သွင်းယူခဲ့တာ ဖြစ်ပြီး အက်ဖ်အေရဲ့ စည်းမျဉ်း အပုဒ် E3.1 ကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးတွင် နော့ဝှစ်ချ်နည်းပြဖီးလစ်ပီကလီးမန့်က ယင်းဂိုးက ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ ဂိုးဖြစ်ကြောင်း၊ ယင်းဂိုးအား ခွင့်မပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ယခုအခါ အက်ဖ်အေက ဟက်ဂီဘိုမှာ လက်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဂိုးသွင်းကာ ဒိုင်လူကြီးအား အောင်မြင်အောင် လှည့်စားနိုင်ခဲ့ကြောင်း ဆိုထားပါတယ်။
တဖက်တွင် ဝက်စ်ဘရွန်းက ဟက်ဂီဘိုမှာ မတော်တဆ လက်ဖြင့် သွင်းခဲ့ခြင်းမျှသာ ဖြစ်ပြီး ဘောလုံးမှ နော့ဝှစ်ချ်ဂိုးသမားနဲ့ထိပြီး ရောက်လာခြင်းဖြစ်ရာ ကစားသမားမှာ ရည်ရွယ်ချက်မရှိဘဲ လက်ဖြင့် သွင်းယူခဲ့ခြင်းသာဖြစ်ကြောင်း အယူခံဝင်ခဲ့ပါတယ်။
ယခုအခါမှာတော့ ဟက်ဂီဘိုဟာ နှစ်ပွဲပယ်ခံရပြီးနောက် တနင်္ဂနွေနေ့ ဘန်လေနှင့် ချန်ပီယံရှစ်ပွဲအပြင် ဩဂုတ်လ ၂၆ ရက်နေ့ နယူးကာဆယ်နှင့် ခါရာဘောင်ဖလားဒုတိယအဆင့်ပွဲစဉ်ကိုလည်း လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
အက်ဂီဘိုရဲ့ လက်ဖြင့် သွင်းယူတဲ့ဂိုးကြောင့် ချန်ပီယံရှစ်တွင်လည်း VAR အသုံးပြုသင့်သလားဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေး ငြင်းခုံမှုများ မြင့်တက်လာပါတယ်။

image