1 ပတ် - ဘာသာပြန်ပါ။

မော်ရိုကိုကွင်းလယ်လူ ဘူအက်ဒီကို မန်စီးတီး ခေါ်ယူဖို့ နီးစပ်နေ

မန်စီးတီးအသင်းဟာ လိုင်လီအသင်းက မော်ရိုကိုလက်ရွေးစင်ကွင်းလယ်လူ ဘူအက်ဒီကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
၁၈ နှစ်သာရှိသေးတဲ့ ဘူအက်ဒီရဲ့ မန်စီးတီးအသင်းထံ အပြောင်းအရွှေ့က အခုတစ်ပတ်အတွင်းမှာပဲ အပြီးသတ်ပါလိမ့်မယ်။
မန်စီးတီးအသင်းဟာ ဘူအက်ဒီနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးသားပါ။
မန်စီးတီးအနေနဲ့ ပြောင်းရွှေ့ကြေးအတွက် ယူရို သန်း ၁၀၀ ဝန်းကျင်အထိ ကုန်ကျနိုင်ပါတယ်။
မန်စီးတီးအသင်းဟာ ရိုဒရီကို ဘာစီလိုနာအသင်းထံ ရောင်းချဖို့ သဘောတူခဲ့ပြီးနောက် ဘူအက်ဒီနဲ့ ပြန်လည်အစားထိုးသွားမှာဖြစ်တယ်။
ဘူအက်ဒီဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး အသင်းပွဲစဉ် ခြောက်ပွဲအနက် ငါးပွဲ ပွဲထွက်ကစားခဲ့ပါတယ်။
၎င်းဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ လိုင်လီအသင်းနဲ့ စတင်ပွဲထွက်ပြီးကတည်းက ပြိုင်ပွဲစုံ ၉၈ ပွဲ ကစားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းခေါင်းဆောင် အန်ဇိုဖာနန်ဒက်ဇ်ကိုလည်း ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ချယ်လ်ဆီးအသင်းက ဖာနန်ဒက်ဇ်အတွက် သတ်မှတ်ပေးထားတဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်က ကျော်လွန်သွားပြီဖြစ်တယ်။
ချယ်လ်ဆီးကတော့ အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်လူကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ အန်ဒါဆန်ကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။

image