2 ပတ် - ဘာသာပြန်ပါ။

တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုကို လစာနှုန်းထားအသစ်နဲ့ ချယ်လ်ဆီးအသင်း စာချုပ်သစ်ချုပ်ဆို

ချယ်လ်ဆီးအသင်းက ဘရာဇီးလ်တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုကို လစာနှုန်းထားအသစ်နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်း အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ဂျော်အိုပတ်ဒရိုက ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ဘရိုက်တန်ကနေ ချယ်လ်ဆီးကို ပေါင်သန်း(၆၀)နဲ့ ရောက်ရှိပြီး ၂၀၃၃ ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားသူပါ။
ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၅၀)ကစားပြီး ဂိုး(၂၀) သွင်းယူပေးခဲ့ပါတယ်။
ဂျော်အိုပတ်ဒရို(၂၄ နှစ်)က ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လစာ ပေါင်(၁၃၅၀၀၀)သာ ရရှိနေသူဖြစ်ပြီး ပြိုင်ဘက်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် ချယ်လ်ဆီးအသင်းက လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စာချုပ်သစ်က မူလစာချုပ်ထက် တစ်နှစ်လျော့ကျသွားခဲ့ပေမဲ့ သက်တမ်းထပ်တိုးနိုင်မယ့် သဘောတူညီမှုပါဝင်ကြောင်း ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ဂျော်အိုပတ်ဒရိုရရှိမယ့် လစာနှုန်းထားအသစ်က တစ်ပတ်ပေါင်(၂၀၀၀၀၀)ဝန်းကျင်ဖြစ်ဖွယ်ရှိကြောင်း လူမှုကွန်ရက်မှာ ခန့်မှန်းဖော်ပြမှုတွေ ရှိနေပါတယ်။

image