နောက်ပြီး ကျွန်တော် အထူးစိတ်ဝင်စားမိတာက မြန်မာနိုင်ငံမှာ ရှိတဲ့ ရှားပါးမြေသားသတ္တု ခေါ် Rare Earths နဲ့ စွမ်းအင်ဆိုင်ရာ အရင်းအမြစ်တွေအကြောင်းပါ။ တကယ်လို့သာ ဒီအရင်းအမြစ်တွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး စနစ်တကျ အသုံးချနိုင်မယ်ဆိုရင် အခြေခံအဆောက်အအုံတွေ တည်ဆောက်လာနိုင်မယ်။ လမ်းတွေ၊ တံတားတွေ၊ ရေပေးဝေရေး စနစ်တွေ၊ လျှပ်စစ်မီး လာနိုင်မယ်။ နယ်စပ်ဒေသတွေမှာ မီးမရှိတာ မရှိတော့ဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးလာနိုင်မယ်။ ဒေသဖွံ့ဖြိုးတိုးတက်လာမယ်။
ဖွံ့ဖြိုးမှုမရှိဘဲနဲ့ အေးအေးဆေးဆေး နေထိုင်ကြမယ် ဆိုတာက ရေရှည်မှာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ခိုင်မာချင်ရင် အခြေခံအဆောက်အအုံရှိရမယ်။ လူတွေ အဆင်ပြေရမယ်။ စီးပွားရေး လည်ပတ်ရမယ်။
ကျွန်တော်က နိုင်ငံရေးသမား မဟုတ်ပါဘူး။ မူဆယ်မှာ နေတဲ့ သာမန်ပြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ကိုယ်တိုင်မြင်တွေ့၊ ကိုယ်တိုင်ခံစားရတဲ့ အတွေ့အကြုံတွေကနေ ပြောရရင် တရုတ်နိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တာဟာ မြန်မာပြည်သူအားလုံးအတွက် အကျိုးရှိမယ့် လမ်းကြောင်းတစ်ခုလို့ ကျွန်တော် ယုံကြည်ပါတယ်။ အနောက်တိုင်းက လာပြောတာတွေ၊ NGO တွေက တွန်းအားပေးတာတွေကို အကုန်လက်ခံစရာ မလိုပါဘူး။ ကိုယ့်နိုင်ငံအတွက် ဘာအကျိုးရှိမလဲ ဆိုတာကို ကိုယ်တိုင်စဉ်းစားဖို့ လိုတယ်လို့ ထင်ပါတယ်။