ကမ္ဘာ့ဖလားဝင်ခွင့်အတွက် FIFAe Continental Championship Asia 2026 တွင် မြန်မာကိုယ်စားပြု FIFAe Mobile အသင်း ယှဉ်ပြိုင်မည်

​မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် FIFAe Nations League 2026 ၌ Consistency Ranking အဆင့် (၆) ရရှိခဲ့သဖြင့် FIFAe Continental Championship 2026 သို့ တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။
​FIFAe Continental Championship Asia 2026 ပြိုင်ပွဲကို ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ကျင်းပမည့် FIFAe World Cup 2026 သို့ တက်ရောက်ခွင့် ရရှိရေးအတွက် အရေးကြီးသည့် အာရှဇုန် အဆုံးအဖြတ် ပြိုင်ပွဲဖြစ်သည်။
​ပြိုင်ပွဲ၏ ပထမအဆင့်တွင် အာရှအုပ်စုမှ အသင်း ၈ သင်းသည် Round Robin စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် ၁ မှ ၆ အတွင်း ရရှိသည့် အသင်းများသည် Knockout Stage သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
Knockout Stage တွင် အုပ်စုအဆင့် ၁ နှင့် ၂ ရရှိသော အသင်းများသည် Semifinals သို့ တိုက်ရိုက် တက်ရောက်ခွင့်ရမည်ဖြစ်ကာ အဆင့် ၃ မှ ၆ ရရှိသော အသင်းများကမူ Quarterfinals မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
​အာရှဒေသအတွက် သတ်မှတ်ထားသည့် Qualification Slot များအရ ထိပ်ဆုံး ၃ သင်းသည် FIFAe World Cup 2026 သို့ တိုက်ရိုက် ဝင်ခွင့်ရရှိမည်ဖြစ်ပြီး စတုတ္ထနေရာရရှိသည့် အသင်းမှာ နယူးဇီလန်အသင်းနှင့် Playoff ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
​ထို့ကြောင့် မြန်မာကိုယ်စားပြု FIFAe Mobile အသင်းအနေဖြင့် Round Robin အဆင့်တွင် အဆင်ပြေဆုံး ရလဒ်များရရှိကာ ကမ္ဘာ့ဖလား ဝင်ခွင့်တစ်နေရာ ရရှိရေးအတွက် အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

image