10 ပတ် - ဘာသာပြန်ပါ။

လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်မ ဟာဗျူဟာစီမံကိန်းများချမှတ်အကောင်အထည်ဖော်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော

လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်မ ဟာဗျူဟာစီမံကိန်းများချမှတ်အကောင်အထည်ဖော်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၁၈ ရက်မွန်းတည့်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးလွှတ် တော်၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကိုတွေ့ ဆုံစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဥပဒေပြုရေးကဏ္ဍကိုပိုမိုထိရောက်စေရန် Know Parliament, See Parliament, Trust Parliament ဟူသည့် ရည်မှန်းချက်များအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကာ Know Parliament ဖြစ်စေရန် လွှတ်တော်လုပ်ငန်းစဉ်များကို ပြည်သူများပိုမိုသိရှိနိုင်ရေးအတွက် လူမှုကွန်ရက်(Social Media)များ၊ သတင်းမီဒီယာများနှင့် ဗီဒီယိုအနှစ်ချုပ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့အတူ See Parliament ဖြစ်စေရန် အဖွဲ့အစည်းများအား လွှတ်တော်သို့ဖိတ်ကြား၍ လက်တွေ့လုပ်ငန်းစဉ်များကိုလေ့လာနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ Join Parliament အဖြစ် ပြည်သူများကိုယ်တိုင် ဥပဒေကြမ်းများအပေါ် အကြံပြုဆွေးနွေးနိုင်ရေးနှင့် ကြားနာပွဲများတွင်ပါဝင်နိုင်ရေးတို့ကို အားပေးဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုစစ်ဆေးခဲ့သည်။

image