6 ရက် - ဘာသာပြန်ပါ။

ရတနာပုံအသင်း ရာသီကြိုခြေစမ်းပွဲမှာ သစ္စာအားမာန်အသင်းကို ဂိုးပြတ်အနိုင်ရ

MNL ကလပ် ရတနာပုံအသင်းဟာ ရာသီကြိုခြေစမ်းပွဲတွင် သစ္စာအားမာန်အသင်းကို (၃) ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။
ရတနာပုံအသင်းနဲ့ သစ္စာအားမာန်အသင်းတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းက (၃-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ရတနာပုံအသင်းအတွက် ဂိုးများကို ဘရာဇီးနောက်တန်းလူ ဗီတင်ဟိုနဲ့ ဘရာဇီးအလယ်တန်းလူ နေတိုတို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး သစ္စာအားမာန်အသင်းက ကိုယ့်ဂိုးကိုယ် တစ်ဂိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရတနာပုံအသင်းဟာ သစ္စာအားမာန်အသင်းနဲ့ မတိုင်မီ ISPE အသင်းနဲ့ ခြေစမ်းကစားထားခဲ့ပြီး (၂-၂) ဂိုးစီ သရေကျခဲ့ကြောင်း သိရပါတယ်။
ရတနာပုံအသင်းဟာ လာမယ့်ရာသီအတွက် ပြည်ပကစားသမား ၆ ဦးအဖြစ် ဘရာဇီးကစားသမား နှစ်ဦး၊ ဂီနီ၊ ဂါနာ၊ ဂျပန်၊ အီတလီကစားသမား တစ်ဦးစီ ခေါ်ယူထားပါတယ်။
ရတနာပုံအသင်းဟာ ဘရာဇီးနောက်တန်းလူ ဗီတင်ဟိုနဲ့ ဘရာဇီးအလယ်တန်းလူ နေတို၊ အီတလီနောက်တန်းလူ ဖိလစ်ပီ၊ ဂျပန်နောက်တန်းလူ ဆိုင်တို၊ ဂါနာအလယ်တန်းလူ ဖော်စတာ၊ ဂီနီရှေ့တန်းလူ တိုရေးတို့ကို ခေါ်ယူထားပါတယ်။
ဒါ့ပြင် မြန်မာ့လက်ရွေးစင်ကစားသမားအချို့ကိုလည်း ခေါ်ယူထားပါတယ်။

image