6 ရက် - ဘာသာပြန်ပါ။

မြန်မာဖိုက်တာ ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ အိမ်ရှင်ထိုင်းဖိုက်တာများနဲ့ ထိုးသတ်ရမယ်

မြန်မာဖိုက်တာများဖြစ်တဲ့ ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ နှစ်ဦးစလုံးဟာ ONE Friday Fights 167 ပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းဖိုက်တာများနဲ့ ထိုးသတ်ရမှာဖြစ်ကြောင်း သိရပါတယ်။
ONE Friday Fights 167 ပြိုင်ပွဲကို လာမယ့်သြဂုတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲကို ထုံးစံအတိုင်း နှစ်ပိုင်းခွဲကျင်းပမှာဖြစ်ပြီး ပထမပိုင်းဖြစ်သည့် The Inner Circle တွင် တွဲဆိုင်း ၅ ဆိုင်း၊ ဒုတိယပိုင်းတွင် တွဲဆိုင်း ၉ ဆိုင်း၊ စုစုပေါင်း တွဲဆိုင်း ၁၄ ဆိုင်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။
.
ONE Championship ပရိုမိုးရှင်းဟာ ယခုနှစ်ဆန်းပိုင်းမှစပြီး ပထမပိုင်းဖြစ်သည့် The Inner Circle ကို Paper View (အခပေး) အဖြစ် ထုတ်လွှင့်နေပြီး ဒုတိယပိုင်းကိုသာ အခမဲ့ထုတ်လွှင့်ပေးနေခြင်း ဖြစ်ပါတယ်။
ယခုတစ်ပတ်ကျင်းပမယ့် ONE Friday Fights 167 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်သည့် ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ နှစ်ဦးစလုံးရဲ့ တွဲဆိုင်းများမှာ Paper View (အခပေး) ဖြင့် ထုတ်လွှင့်မည့် ပထမပိုင်း The Inner Circle တွင် ပါဝင်နေလျက်ရှိပါတယ်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှ မြန်မာပရိသတ်များအနေဖြင့် ONE Championship တွင် လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးသွင်းဝယ်ယူပြီးမှသာကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာဖိုက်တာ စောမင်းမင်းဟာ ပထမပိုင်း The Inner Circle ၏ ပွဲစဉ် ၃ တွင် ထိုင်းဖိုက်တာ ယော့ဖူးပနဲ့ လည်းကောင်း၊ မြန်မာဖိုက်တာ ကျော်စွာဝင်းဟာ ပွဲစဉ် ၄ တွင် ထိုင်းဖိုက်တာ ကိုမာဝတ်နဲ့ လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
စောမင်းမင်းဟာ မူလက ထိုင်းနာမည်ကြီးဖိုက်တာ
စူရီယာလက်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း စူရီယာလက်မှာ မတော်တဆမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်ပါတယ်။
စောမင်းမင်းဟာ ONE Championship တွင် ၆ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။
စောမင်းမင်းဟာ နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားသောကြောင့် ယခုတစ်ပတ်ပွဲကို အနိုင်ရရှိရန် လိုအပ်မှာဖြစ်ပါတယ်။
ကျော်စွာဝင်းဟာ ONE Championship တွင် ၃ ပွဲ ထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။
ကျော်စွာဝင်းဟာ ဂျပန်ဖိုက်တာ မူ ဂါကို အလဲထိုး၊ ထိုင်းဖိုက်တာ ဆလေတန်ကို အမှတ်ဖြင့် အနိုင်ရထားခြင်းဖြစ်ပါတယ်။

image