မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ကစား သမား ၃၃ ဦး ရွေးချယ်ထားပေမဲ့ ၂၈ ဦးနဲ့သာ
လေ့ကျင့်နေ
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုး သမီးဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ထားသော်လည်း လက်ရှိတွင် ၂၈ ဦးဖြင့်သာ သြဂုတ် ၁၇ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ထားသော်လည်း AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲဝင် ဧရာဝတီအမျိုးသမီးအသင်းထံ ကစားသမား ၅ ဦး ပေးထားရကြောင်း သိရပါတယ်။
ယင်းကစားသမား ၅ ဦးမှာ ISPE အသင်းမှ လင်းမြင့်မိုရ် (အလယ်တန်း) နဲ့ ဇူးလတ်နဒီ (ဂိုး)၊ သစ္စာအားမာန်အသင်းမှ မေသက်မွန်မြင့် (နောက်တန်း)၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ဇင်မိုးပြည့် (ရှေ့တန်း)၊ ရတနာပုံအသင်းမှ ဝင်းသိင်္ဂထွန်း (ရှေ့တန်း) တို့ဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်နိုင်ငံသားနည်းပြ ကောလင်းဘဲလ်ရွေးချယ်ထားတဲ့ ပဏာမကစားသမား ၃၃ ဦးစာရင်းတွင် ဝါရင့်ကစားသမားများဖြစ်သည့် ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ ဇွန်ယုယဦး၊ မြတ်နိုးခင်၊ စန်းသော်သော်၊ ဝင်းသိင်္ဂထွန်း၊ မေထက်လူတို့အားလုံး ပြန်လည်ပါဝင်လာသည့်အပြင် လူငယ်မျက်နှာသစ် ကစားတစ်ချို့လည်း ပါဝင်လာကြောင်း သိရပါတယ်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု ( ၌ တောင်ကိုရီး ယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပမှာ ဖြစ်ပါတယ်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု ( တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။
အုပ်စု တစ်ခုစီမှ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ ၁၄ ရက်တွင် အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၁၇ ရက်တွင် အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုတွင်းမှ ကမ္ဘာ့ထိပ်တန်းတောင်ကိုရီးယား၊ မြောက်ကို ရီးယားအမျိုးသမီးအသင်းတို့ကို အနိုင်ရမည် မဟုတ်သော်လည်း အုပ်စုတတိယနေရာအတွက် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရအောင် ကစားရမှာ ဖြစ်ပါတယ်။