6 ရက် - ဘာသာပြန်ပါ။

ဘင်ဖီကာနောက်ခံလူ ဒီဒစ်ကို ပေါင် သန်း ၃၀နဲ့ နယူးကာဆယ် ခေါ်ယူ

နယူးကာဆယ်အသင်းဟာ ဘင်ဖီကာအသင်းက ဘော့စနီးယားလက်ရွေးစင်နောက်ခံလူ ဒီဒစ်ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပါတယ်။
ဒီဒစ်(၂၄ နှစ်)ဟာ တနင်္လာနေ့က နယူးကာဆယ်အသင်းနဲ့ ဆေးစစ်မှု ခံယူပြီးနောက် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဒီဒစ်အနေနဲ့ ဆာလ်ဇ်ဘာ့ဂ်မှာတုန်းက လက်တွဲခဲ့ဖူးတဲ့ နည်းပြ ယိုင်ဆလာနဲ့ နယူးကာဆယ်အသင်းမှာ ပြန်လည်ဆုံစည်းရတာဖြစ်တယ်။
နယူးကာဆယ်အသင်းဟာ ဝါရင့်ကစားသမား ထရစ်ပီယာ အသင်းက ထွက်ခွာသွားလို့ ဒီဒစ်နဲ့ ပြန်လည်အစားထိုးခဲ့တာပါ။
လစ်ဗရာမန်တိုလည်း ဒဏ်ရာရနေလို့ ဒီဒစ်ဟာ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပွဲထွက်ကစားဖွယ် ရှိနေပါတယ်။
၎င်းဟာ ဘော့စနီးယားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်လေးပွဲအနက် သုံးပွဲ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

image