ဆီနီဂေါအသင်းနည်းပြအဖြစ် ဗီယာရာ ခန့်အပ်ခံရ

အာဆင်နယ်နဲ့ ပြင်သစ်အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ်ဗီယာရာဟာ ဆီနီဂေါလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်းအဆင့်က ထွက်ခဲ့ရပြီးနောက် နည်းပြ ပါပေကျောင်ကို ထုတ်ပယ်ခဲ့ကာ အခု ဗီယာရာနဲ့ အစားထိုးခဲ့တာဖြစ်တယ်။
ဗီယာရာဟာ ဆီနီဂေါနိုင်ငံမြို့တော် ဒါကာမှာ မွေးဖွားခဲ့သူဖြစ်ပြီး ရှစ်နှစ်သားအရွယ်မှာ ပြင်သစ်ကို ရွှေ့ပြောင်းအခြေချခဲ့ပါတယ်။
စာချုပ်ပါအချက်အလက်တွေနဲ့ ဗီယာရာ စတင်တာဝန်ထမ်းဆောင်မယ့်ရက်ကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဗီယာရာ(၅၀ နှစ်)အနေနဲ့ ပြင်သစ်အသင်းအတွက် ၁၀၇ ပွဲ ကစားခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို-၂၀၀၀ ချန်ပီယံ အသင်းသားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
၎င်းဟာ နည်းပြဘဝမှာ နယူးယောက်စီးတီး၊ နိုက်စ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ နောက်ဆုံး ဂျီနိုအာစတဲ့ ကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

image