အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ ထိုင်းအသင်း ဗိုလ်လုပွဲ တက်ရောက်
ကျင်းပလျက်ရှိတဲ့ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ ထိုင်းအသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ထိုင်းအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပထမအကျော့အဖြစ် သြဂုတ် (၁၅) ရက်က စင်ကာပူမြေမှာ အဝေးကွင်း သွားရောက်ကစားခဲ့ရာ (၃-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒုတိယအကျော့အဖြစ် သြဂုတ် (၁၈) ရက်က ထိုင်းမြေဖြစ်တဲ့ ဘန်ကောက်မြို့မှာ ယှဥ်ပြိုင်ကစားရာမှာတော့ စင်ကာပူအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
နှစ်ကျော့ပေါင်းရလဒ်အရ ထိုင်းအသင်းက စင်ကာပူအသင်းကို (၄-၃) ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
တခြားဆီးမီးဖိုင်နယ် ပထမအကျော့မှာ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းက မလေးရှားမြေ အဝေးကွင်းမှာ မလေးရှားအသင်းကို (၂-၀) ဂိုးနဲ့အနိုင်ရထားပါတယ်။
ဒုတိယအကျော့အဖြစ် ဒီညနေ ဗီယက်နမ်မြေ ဟနွိုင်းမြို့မှာ ဗီယက်နမ်အသင်းနဲ့ မလေးရှားအသင်းတို့ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။