ဇဗ္ဗူသီရိမြို့နယ်ကိုဗဟိုပြု၍ အင်အား(၃)အဆင့်ရှိ ငလျင်လှုပ်ခတ်
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ကိုဗဟိုပြု၍ အင်အား (၃)အဆင့်ရှိသော ငလျင်တစ်ခု ယနေ့ သြဂုတ် ၁၇ ရက်နံနက်ပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
မဂ္ဂနီကျူ့(၃)အဆင့်ရှိအင်အားအနည်းငယ်ရှိသောငလျင်သည် နံနက် ၁၀ နာရီ ၄၁ မိနစ် ၄ စက္ကန့်က ဇမ္ဗူသီရိမြို့ နယ်၏ အရှေ့မြောက်ဘက်(၄)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။