ဗီလာနောက်ခံလူကွန်ဆာကို ခေါ်ယူရေး အာဆင်နယ် ဆွေးနွေးမှု ပြုလုပ်လာ
==================
အာဆင်နယ်ဟာ အက်စတွန်ဗီလာမှ ဗဟိုနာက်ခံလူအီဇရီကွန်ဆာကို ခေါ်ယူရေး ပူပူနွေးနွေး ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။
အာဆင်နယ်ဟာ အင်္ဂလန်လက်ရွေးစင်နောက်ခံလူအား ကနဦး ကမ်းလှမ်းမှုအနေဖြင့် ပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ရာ ပယ်ချခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ဟာ လက်လျှော့ခြင်း မရှိသေးဘဲ ကွန်ဆာကို ခေါ်ယူရေး နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်လာတာပါ။
အက်စတွန်ဗီလာဘက်က ကွန်ဆာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ တောင်းဆိုထားရာ အာဆင်နယ်ရဲ့ ယခင်ကမ်းလှမ်းမှုက များစွာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဗီလာက ကွန်ဆာအတွက် ၎င်းတို့ သတ်မှတ်တန်ကြေး ပေါင်သန်း ၆၀ အောက် ကမ်းလှမ်းမှုကို လုံးဝ စဉ်းစားလာမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ရပါတယ်။
အသက် ၂၈ နှစ်ရှိ ကွန်ဆာဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာဖ့လားတွင် တတိယရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အပန်းဖြေနေဆဲ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းခေါင်းဆောင်ဂွီမာရေးစ်ကို ပေါင် ၇၅ သန်းဖြင့် ဝယ်ယူထားပြီးဖြစ်တဲ့ အာဆင်နယ်ဟာ ခံစစ်ကိုလည်း အားဖြည့်နေလိုပြီး ကွန်ဆာမှာ နောက်တန်းတွင် နေရာစုံကစားနိုင်ရာ အာတီတာ အကြိုက်တွေ့တဲ့ ကစားသမားမျိုး ဖြစ်နေပါတယ်။
ကွန်ဆာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၈ ပွဲကစားကာ ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။