မာတင်နယ်လီနှင့် နဝမ်နရီတို့အတွက် ကမ်းလှမ်းမှုများအပေါ် အာဆင်နယ် တံခါးဖွင့်ပေးထား
====================
အာဆင်နယ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် အသင်းရှိ ကစားသမားများအား ဂါလာတာစာရေးထံ ရောင်းချရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်က ရောင်းချရေး ကမ်းလှမ်းမှု တံခါးဖွင့်ပေးထားတဲ့ ကစားသမားများထဲမှာ ဂါဘရီရယ်မာတင်နယ်လီနှင့် အီသန်နဝမ်နရီတို့လည်း ပါဝင်နေပါတယ်။
ဘရာဇီးလက်ရွေးစင်ကို ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားဘက်က တူရကီသို့ ပြောင်းရေး စိတ်အားထက်သန်နေခြင်း မရှိပါဘူး။
အာဆင်နယ်ဟာ မာတင်နယ်လီရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးရာတွင် ဂါလာတာစာရေးရဲ့ တိုက်စစ်မှူးဗစ်တာအိုဆီမမ်ကို အမ်းမရိတ်သို့ ခေါ်ဆောင်ရေးကိုပါ ဆွေးနွေးမှု ပြုလုပ်ထားကြောင်း သိရပါတယ်။
မာတင်နယ်လီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းက ပီအက်စ်ဂျီရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပေမယ့်လည်း နောက်ပိုင်းတွင် လီဂူး ၁ ထိပ်သီးက အခြားပစ်မှတ်ကိုသာ ခေါ်ယူရေး ကြိုးပမ်းလာခဲ့ပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ အသက် ၁၉ နှစ်ှရိ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်နဝမ်နရီအတွက် ကမ်းလှမ်းမှုများကိုလည်း တံခါးဖွင့်ပေးလာပါတယ်။
နဝမ်နရီကို အေစီမီလန်၊ ဖူလ်ဟမ်၊ ရက်ဘူးလ်လိုက်ဇစ်နှင့် ဒေါ့မွန်တို့က ခေါ်ယူရေး စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ထားပါတယ်။
အာဆင်နယ်အားကစားဒါရိုက်တာအင်ဒရီယာဘာတာနှင့် လက်ထောက်မူရီဇီယိုမီချယ်လီတို့ဟာ ယခုနွေရာသီတွင် ကစားသမားများ ခေါ်ယူအားဖြည့်မှုများ ပြုလုပ်နေသလို တဖက်တွင် အသင်းရှိ ကစားသမားများကို ရောင်းချရေး ကြိုးပမ်းနေပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် လီယန်ဒရိုထရိုဆတ်၊ ဂျာကော့ကီဝီယာ၊ ခရစ္စတီယန်နော်ဂတ်နှင့် ကားလ်ဟိန်းတို့အား ရောင်းချထားပြီးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ တောင်ပံကစားသမားရိုက်စ်နယ်ဆင်ကို ဝက်စ်ဟမ်းသို့ ပေါင် ၃ သန်းဖြင့် ရောင်းချရန်လည်း ဆွေးနွေးနေပါတယ်။
အာဆင်နယ်ဟာ ဘရာဇီးတိုက်စစ်မှူးဂါဘရီရယ်ဂျေဆူး၊ ပေါ်တူဂီအလယ်တန်းကစားသမားဖေဘီယိုဗီအဲရာကိုလည်း ရောင်းချရန် လုပ်ဆောင်နေသလို စပိန်ကွင်းလယ်ကစားသမားဇူဘီမန်ဒီကိုလည်း ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပါတယ်။
N ML
Delete Comment
Are you sure that you want to delete this comment ?