ဆော်ဒီသို့ ပေါင် ၅၂ သန်းဖြင့် ပြောင်းလာတော့မယ့် မန်စီးတီးရဲ့ ရိုင်ဒါးလ်
===================
မန်စီးတီးကွင်းလယ်ကစားသမားတီဂျာနီရိုင်ဒါးလ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် Al-Qadsiah သို့ ပေါင် ၅၂ သန်းဖြင့် ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အေစီမီလန်မှ ပေါင် ၄၆.၅ သန်းဖြင့် ဝယ်ယူခဲ့တဲ့ ဒတ်ချ်လက်ရွေးစင်ကစားသမားကို အမြတ်များစွာဖြင့် ဆော်ဒီကလပ်သို့ ရောင်းချရန် သဘောတူညီမှု ရရှိလာပြီလည်း ဖြစ်ပါတယ်။
ရိုင်ဒါးလ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအတွက် ၄၇ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ယခုအခါမှာတော့ အသက် ၂၈ နှစ်ရှိ ရိုင်ဒါးလ်ဟာ လီဗာပူးနှင့် လက်စတာနည်းပြဟောင်းဘရန်ဒန်ရော်ဂျာကိုင်တွယ်နေတဲ့ ဆော်ဒီကလပ်သို့ ပြောင်းလာတော့မှာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ရိုဒရီက ဘာစီလိုနာသို့ ပြောင်းရေး လုပ်ဆောင်နေချိန်တွင် ရိုင်ဒါးလ်ကိုပါ ရောင်းချပြီး ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်အား ခေါ်ယူရေး ငွေကြေးဖြည့်တင်းမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ရိုင်ဒါးလ်ဟာ နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နယ်သာလန်အသင်းအတွက် ၃ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဂျပန်၊ ဆွီဒင်၊ တူနီးရှားတို့နှင့် အုပ်စုပွဲ ၃ ပွဲလုံး ပွဲထွက်ကစားခဲ့ပေမယ့်လည်း မော်ရိုကိုအား ရှုံးနိမ့်တဲ့ ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။