1 ပတ် - ဘာသာပြန်ပါ။

လိုချင်တဲ့ အနိုင်ရလဒ် ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ဧရာဝတီအမျိုးသမီးအသင်းခေါင်းဆောင် နော်ထက်ထက်ဝေ ပြောကြား

AFC Women's Champions League 2026/27 (Preliminary Stage) အုပ်စု (F) ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် စင်ကာပူကလပ် FC Jurong အသင်းကို ဧရာဝတီအမျိုးအသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် နော်ထက်ထက်ဝေက လိုချင်တဲ့ အနိုင်သုံးမှတ် ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းပွဲစဥ်မှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဂျပန်ကစားသမား Yui Kasai ကလည်း "အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ခြေစစ်ပွဲကို အောင်မြင်အောင် ကြိုးစားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
ဧရာဝတီအမျိုးအသင်းကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားကစားသမားတွေနဲ့ မြန်မာက​စားသမားတွေ အတွဲညီညီကစားနိုင်ခဲ့ပါတယ်လို့ အသင်းကစားသမား ဖြူဖြူဝင်းကလည်း ပြောခဲ့ပါတယ်။
ဧရာဝတီအမျိုးအသင်းအတွက် သွင်းဂိုးတွေကို
ဝင်းသိင်္ဂီထွန်းက နှစ်ဂိုး၊ ဂျပန်ကစားသမား Yui Kasai နဲ့ လင်းမြင့်မိုရ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

image